🏪 Lawson (Hokkaido, Sapporo) | ခရီးစရိတ်အပြည့်! | CV မလို! | တစ်ပတ် (၁) ရက်၊ (၂) နာရီ OK! 🏪
Sapporo မြို့လယ်မှာရှိတဲ့ Lawson Convenience Store မှာ အတူတူအလုပ်လုပ်ဖို့ ဝန်ထမ်းတွေခေါ်နေပါတယ်။ Shift အရမ်း Flexible ဖြစ်ပြီး အကျိုးခံစားခွင့်ကောင်းတွေ အများကြီးရှိတာကြောင့် အလုပ်လုပ်ရတာ အရမ်း သက်တောင့်သက်သာရှိမှာပါ။
📋 ဘာအလုပ်တွေလုပ်ရမလဲ?
လွယ်ကူတဲ့ Convenience Store က အလုပ်တွေပါပဲ။
ငွေရှင်းကောင်တာ (レジ)
ပစ္စည်းအသစ်တွေ စင်ပေါ်တင်ခြင်း (品出し)
လွယ်ကူတဲ့ အကြော်အလှော် (ホットスナック)
ဆိုင်တွင်း သန့်ရှင်းရေး (清掃)
📌 အသေးစိတ်အချက်အလက်
လစာ (Salary):
6:00~9:00: တစ်နာရီ ¥1,250
8:00~22:00: တစ်နာရီ ¥1,080
22:00~5:00: တစ်နာရီ ¥1,350
အလုပ်ချိန် (Working Hours): 24 နာရီပတ်လုံး (တစ်ပတ် အနည်းဆုံး ၁ ရက်၊ တစ်နေ့ အနည်းဆုံး ၂ နာရီ)
နေရာ (Location): ローソン創成クロス店 (Lawson Sosei Cross Branch)
北海道札幌市中央区 (Hokkaido, Sapporo-shi, Chuo-ku)
(Sapporo Station ကနေ လမ်းလျှောက် ၁၀ မိနစ်)
🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟
🚆 ခရီးစရိတ် အပြည့်အဝပေးတယ် (全額支給) 👉 အလုပ်လာဖို့အတွက် ကုန်ကျတဲ့ ခရီးစရိတ်အားလုံးကို ပြန်လည်ပေးအပ်မှာပါ။
📝 Interview ဖြေဖို့ CV (履歴書) မလိုပါ! 👉 လျှောက်လွှာတွေပြင်ဆင်ရတဲ့ အလုပ်မရှုပ်ဘဲ လူကိုယ်တိုင်လာရောက်စကားပြောရုံနဲ့ အဆင်ပြေပါတယ်။
🗓️ Shift အရမ်း Flexible ဖြစ်တယ်! (တစ်ပတ် ၁ ရက်၊ တစ်နေ့ ၂ နာရီ OK!) 👉 ကျောင်း၊ ဒါမှမဟုတ် တခြားအလုပ်တွေနဲ့ အချိန်ညှိရတာ အရမ်းလွယ်ကူပါတယ်။
✨ အလိုအလျောက် ပိုက်ဆံပြန်အမ်းစက် (自動釣銭機) 👉 ပိုက်ဆံအကြွေမှားမှာ လုံးဝစိတ်ပူစရာမလိုဘဲ အတွေ့အကြုံမရှိသူတွေတောင် လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်။
🎉 အထူးကောင်းမွန်သော အကျိုးခံစားခွင့်များ! (Benefit Station) 👉 ရုပ်ရှင်ရုံ၊ Gym၊ ခရီးသွားလာခြင်း၊ စားသောက်ဆိုင်များတွင် အထူး Discount များ ရရှိနိုင်ပါတယ်။
💰 မနက်ပိုင်း/ညပိုင်း လစာအထူးကောင်း! 👉 မနက် (6:00-9:00) ¥1,250 / ညပိုင်း (22:00~) ¥1,350။
👍 Short-term (၁ လ) လည်း OK! 👉 အစမ်းလုပ်ကြည့်ပြီး အဆင်ပြေမှ Long-term ပြောင်းလို့ရပါတယ်။
ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။
တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။
Policy changes
(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်
(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်
(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်
(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်
(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ
(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်
0コメント