🌙 Matsuya (Shinagawa) ရှင်းယညပိုင်းအလုပ် | တစ်နာရီလုပ်ခ 1,625! |CV မလို 🌙
Shinagawa City Tower မှာ အသစ်ဖွင့်လှစ်မယ့် Matsuya ဆိုင်ခွဲအသစ်မှာ အတူတူအလုပ်လုပ်ဖို့ Opening Staff တွေ အများကြီးခေါ်နေပါတယ်။
အားလုံးက အစကနေ အတူတူစကြမှာဖြစ်လို့ အတွေ့အကြုံမရှိသူတွေ၊ အချိန်ပိုင်းအလုပ် စလုပ်မယ့်သူတွေအတွက် အကောင်းဆုံးအခွင့်အရေးပါပဲ။
နိုင်ငံခြားသားများအတွက်: ဂျပန်စကားကို အခြေခံ နားထောင်/ပြောဆို နိုင်ရင် လုံလောက်ပါတယ်။
📌 အသေးစိတ်အချက်အလက်
လစာ (Salary): ညပိုင်း (22:00 ~ 翌8:00) တစ်နာရီ ¥1,625
အလုပ်ချိန် (Working Hours): 22:00~翌8:00 ကြား (တစ်ပတ် အနည်းဆုံး ၂ ရက်၊ တစ်နေ့ အနည်းဆုံး ၃ နာရီ)
နေရာ (Location): 松屋 シティタワー品川店 (Matsuya City Tower Shinagawa Branch)
(JR Shinagawa Station ကနေ လမ်းလျှောက် ၁၃ မိနစ်)
ခရီးစရိတ် (Transportation): စည်းမျဉ်းအတိုင်း ပေးပါသည်။
📋 အလုပ်လုပ်ပုံ Flow
Customer က Ticket စက် (券売機) မှာ အော်ဒါမှာ ==>
မီးဖိုချောင်မှာ အော်ဒါအတိုင်း ချက်ပြုတ်ပြင်ဆင် ==>
ပြင်ဆင်ပြီးသား အစားအသောက်ကို ကောင်တာ (提供口) မှာ တင် ==>
Customer က သူတို့ရဲ့ Ticket နဲ့ လာလဲပြီး အစားအသောက်ကို ယူ ==>
Customer စားပြီးလို့ ပြန်ပေးတဲ့ ပန်းကန်တွေကို ဆေးကြော
🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟
🎉 ဆိုင်အသစ်မှာ Opening Staff အဖြစ် အလုပ်လုပ်ခွင့်! 👉 စီနီယာ၊ ဂျူနီယာ မခွဲခြားဘဲ လုပ်ဖော်ကိုင်ဖက်အားလုံးနဲ့ တန်းတူရည်တူ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်စလုပ်နိုင်မှာပါ။
💰 ညပိုင်းလုပ်ခအလွန်ကောင်း တစ်နာရီ ¥1,625 👉 နေ့ခင်းပိုင်းအလုပ်တွေထက် အများကြီးပိုသာတဲ့ လုပ်ခလစာနဲ့ ဝင်ငွေကောင်းကောင်း ရှာနိုင်ပါတယ်။
😊 အလုပ်အရမ်း Simple! 👉 Customer တွေက Ticket စက် (券売機) မှာ အော်ဒါမှာပြီး ကောင်တာမှာ ကိုယ်တိုင်လာယူတဲ့ Self-Service စနစ်ဖြစ်လို့ Order မှားမှာ စိတ်ပူစရာမလိုဘဲ အေးအေးဆေးဆေးအလုပ်လုပ်နိုင်ပါတယ်။
📝 CV (履歴書) မလို ဖုန်းနဲ့ Video Interview ဖြေလို့ရ 👉 အလုပ်လျှောက်ဖို့ အလုပ်မရှုပ်ရအောင် CV မလိုဘဲ၊ အိမ်ကနေပဲ ဖုန်းနဲ့ Video ရိုက်ပြီး Interview ဖြေဆိုနိုင်ပါတယ်။
🍛 Menu ထဲက ဘာမဆို ¥350 နဲ့စားလို့ရတဲ့ Meal Deal 👉 Matsuya ရဲ့ အရသာရှိတဲ့ Menu မျိုးစုံကို ¥350 တည်းနဲ့ စားသုံးနိုင်တာကြောင့် စားစရိတ်ကို အများကြီးသက်သာစေပါတယ်။
💸 လစာကြိုတင်ထုတ်ယူနိုင်တဲ့ စနစ် (前給制度) ရှိ 👉 လကုန်ထိမစောင့်ဘဲ လိုအပ်တဲ့အခါ လစာတစ်ဝက်ကို ကြိုတင်ထုတ်ယူနိုင်ပါတယ်။
ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။
တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။
Policy changes
(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်
(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်
(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်
(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်
(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ
(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်
0コメント