အလုပ်ဝင် Bonus ¥500,000! | Full-time Ramen ဆိုင်ဝန်ထမ်း |
Ikkakuya Ramen ဆိုင်မှာ အခုဝင်ရောက်သူတွေအတွက် အထူးအခွင့်အရေးအနေနဲ့ အလုပ်ဝင် Bonus ယန်း 500,000 ပေးအပ်နေပါတယ်။
📋 အဓိကလုပ်ဆောင်ရမယ့် တာဝန်များ
ဆိုင်ရဲ့ လုပ်ငန်းဆောင်တာအားလုံးကို တာဝန်ယူရမှာဖြစ်ပါတယ် - ချက်ပြုတ်ခြင်း၊ Customer ဝန်ဆောင်မှုပေးခြင်းမှစပြီး ဝန်ထမ်းအသစ်များကို သင်ကြားပေးခြင်း၊ Shift စီမံခြင်း၊ အရောင်းအဝယ် စီမံခန့်ခွဲခြင်းအဆုံး။
📌 အသေးစိတ်အချက်အလက်
လစာ (Salary): လစဉ် လစာ (月給) ¥250,000 ~ ¥355,000
အလုပ်ချိန် (Working Hours): 24 နာရီ Shift စနစ် (တစ်နေ့ ၈ နာရီ)
(ဥပမာ: 8:00-17:00, 12:00-21:00, 20:00-5:00)
နေရာ (Location): 壱角家 御徒町駅前店 (Ikkakuya, Okachimachi Station Front Branch)
(Okachimachi Station ကနေ လမ်းလျှောက် ၂ မိနစ်)
‼️ နိုင်ငံခြားသားများအတွက် အရေးကြီး Visa လိုအပ်ချက်
အောက်ပါ Visa အမျိုးအစားများထဲမှ တစ်ခုခုကို ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
永住権 (Permanent Resident)
定住者 (Long-Term Resident)
永住権の配偶者等 (Spouse, etc., of a Permanent Resident)
日本人の配偶者等 (Spouse, etc., of a Japanese National)
特定活動 (46号ビザ) (Specified Activities - Visa No. 46)
🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟
🎉 အလုပ်ဝင် Bonus ငွေသား ယန်း 500,000! 👉 အလုပ်ဝင်ပြီးနောက် Bonus ငွေသား ၅ သိန်းကို တစ်ခါတည်းရရှိမှာဖြစ်လို့ အလွန်ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါ။
🗓️ Work-Life Balance အထူးကောင်းမွန်! 👉 တစ်လကို ၈-၉ ရက် နားရက်အပြည့်အဝရပါတယ်။ ညဂျူတီဆင်းပြီး နောက်နေ့မနက်ဂျူတီ တန်းဆင်းရတာမျိုး လုံးဝမရှိပါဘူး။
📈 Manager မှ လုပ်ငန်းအကြီးအကဲအထိ Career တက်လမ်းမျိုးစုံ 👉 ဆိုင်မန်နေဂျာ၊ Area Manager ကနေ Company ရဲ့ အရာရှိကြီးအထိ Career တက်လမ်းများစွာရှိပါတယ်။ ကိုယ်ပိုင်ဆိုင်ဖွင့်ချင်သူတွေကိုလည်း အပြည့်အဝ Support ပေးပါတယ်။
👍 အတွေ့အကြုံမလို၊ အလုပ်စလုပ်သူများ ကြိုဆိုသည် 👉 စားသောက်ဆိုင်လုပ်ငန်းအတွေ့အကြုံမရှိသူတွေ၊ အလုပ်ခွင်စဝင်မယ့်သူတွေကိုပါ နွေးထွေးစွာကြိုဆိုပြီး သေချာလေ့ကျင့်ပေးပါတယ်။
🍜 နေ့လည်စာ (まかない) တစ်နပ် ¥100! + ခရီးစရိတ်အပြည့် 👉 အရသာရှိတဲ့ Ramen တွေကို တစ်နပ်ကို ယန်း ၁၀၀ တည်းနဲ့ စားသုံးနိုင်ပြီး သွားရေးလာရေးစရိတ်ကိုလည်း အပြည့်အဝ တာဝန်ယူပေးပါတယ်။
ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။
တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။
Policy changes
(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်
(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်
(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်
(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်
(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ
(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်
0コメント