🥞 Royal Garden Cafe (Aoyama) မှာ Kitchen Staff | Pancake အပါအဝင် ချက်ပြုတ်နည်းများသင်ယူခွင့်

Tokyo ရဲ့ အလှဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ Aoyama မှာရှိတဲ့ 'Royal Garden Cafe ရဲ့ မီးဖိုချောင်မှာ အတူတူအလုပ်လုပ်ဖို့ ဝန်ထမ်းတွေခေါ်နေပါတယ်။

 Pancake အမိုက်စားတွေ၊ Organic ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ပြုတ်ထားတဲ့ အရသာရှိတဲ့ Menu တွေ ပြင်ဆင်ရမှာဖြစ်လို့ ချက်ပြုတ်ရတာကို ဝါသနာပါသူတွေအတွက် အကောင်းဆုံးပါပဲ။


📋 ဘာအလုပ်တွေလုပ်ရမလဲ? (မီးဖိုချောင် - Kitchen Staff)

ဟင်းချက်ခြင်း၊ ချက်ပြုတ်ရာတွင် ကူညီခြင်း (調理・調理補助)

ဟင်းမချက်ခင် ပြင်ဆင်ခြင်း (仕込み)

ပန်းကန်ပြင်ဆင်ခြင်း (盛り付け)

ပန်းကန်ဆေးခြင်း (洗い場)

(အစပိုင်းမှာ လွယ်ကူတဲ့အလုပ်တွေကနေ စတင်ပြီး သေချာကူညီသင်ကြားပေးမှာပါ။)


📌 အသေးစိတ်အချက်အလက်

လစာ (Salary): တစ်နာရီ ¥1,300 ကနေစတင်ပါမည်။ (ညပိုင်း: ¥1,690)

အလုပ်ချိန် (Working Hours): 8:00~23:00 ကြား (Shift ညှိနှိုင်းနိုင်သည်)

နေရာ (Location): Royal Garden Cafe 青山 (Royal Garden Cafe Aoyama)

(Gaienmae Station / Aoyama-itchome Station ကနေ လမ်းလျှောက် ၄-၅ မိနစ်)

ခရီးစရိတ် (Transportation): တစ်လ အများဆုံး ယန်း ၂၀,၀၀၀ အထိ စည်းမျဉ်းအတိုင်း ပေးပါသည်။


🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟

🥞 Pancake အပါအဝင် ခေတ်မီချက်ပြုတ်နည်းတွေ သင်ယူခွင့်! 👉 ဆိုင်ရဲ့ နာမည်ကြီး Pancake ပြုလုပ်နည်း၊ အသားကင်နည်း၊ ပန်းကန်ပေါ်မှာ လှလှပပပြင်ဆင်နည်း စတဲ့ အိမ်မှာပြန်သုံးလို့ရမယ့် Skill တွေကို သင်ယူနိုင်မှာပါ။

📝 Interview ဖြေဖို့ CV (履歴書) မလိုပါ! 👉 CV ပြင်ဆင်စရာမလိုဘဲ ချက်ချင်းလျှောက်ထားနိုင်ပါတယ်။

👍 အတွေ့အကြုံမလို၊ အစကနေသင်ပေး 👉 အလုပ်နဲ့ ခဏတာဝေးကွာနေသူတွေ၊ အချိန်ပိုင်းအလုပ် တစ်ခါမှမလုပ်ဖူးသူတွေကိုပါ နွေးထွေးစွာကြိုဆိုပြီး သေချာသင်ကြားပေးပါတယ်။

ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။

တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။

Policy changes

(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်

(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်

(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်

(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်

(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ

(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်

Baito Box

外国人歓迎!日本での仕事探しをサポートします 日本で働くことを希望する外国人の方へ。当サイトでは、外国人を積極的に採用している企業の求人をご紹介しています。 すべての掲載情報は定期的に更新されるため、常に最新の仕事情報を見つけることができます。あなたのスキルや希望に合った仕事探しを、私たちがお手伝いします。

0コメント

  • 1000 / 1000