🍜 Osaka Kitashinchi မှာ ဆိုင်အသစ် တစ်နာရီ ¥1,300 ~ ¥1,625 | CV မလို 🍜

Osaka, Kitashinchi ဘူတာနားမှာ အသစ်ဖွင့်လှစ်မယ့် 'Ganso Aburado' Ramen ဆိုင်မှာ Opening Staff တွေကို အများကြီးခေါ်နေပါတယ်။ 

အားလုံးက အစကနေ အတူတူစကြမှာဖြစ်လို့ အတွေ့အကြုံမရှိသူတွေ၊ အချိန်ပိုင်းအလုပ် စလုပ်မယ့်သူတွေအတွက် အကောင်းဆုံးအခွင့်အရေးပါ

📝 Interview ဖြေဖို့ CV (履歴書) မလို


📋 ဘာအလုပ်တွေလုပ်ရမလဲ?

စားပွဲထိုး (Hall Staff)

Customer များကို ကြိုဆိုခြင်း၊ အော်ဒါကောက်ခြင်း၊ Ramen ပို့ပေးခြင်း၊ စားပွဲရှင်းခြင်း


မီးဖိုချောင် (Kitchen Staff)

ခေါက်ဆွဲပြုတ်ခြင်း၊ Topping များတင်ခြင်း၊ ပန်းကန်ဆေးခြင်း


‼️ လိုအပ်ချက်များ

နိုင်ငံခြားသားများအတွက်: ဂျပန်ဘာသာ JLPT N3 နှင့်အထက် မဖြစ်မနေလိုအပ်သည်။


📌 အသေးစိတ်အချက်အလက်

လစာ (Salary): တစ်နာရီ ¥1,300 ~ ¥1,625 (ည ၁၀ နာရီနောက်ပိုင်း 25% တိုးပေးသည်)

အလုပ်ချိန် (Working Hours): 9:00~15:00, 10:00~16:00 စသည့် နေ့လည်ပိုင်း Shift များစွာရှိသည်။ (တစ်ပတ် အနည်းဆုံး ၁ ရက်)

နေရာ (Location): 元祖油堂 北新地店 (Ganso Aburado Kitashinchi Branch)


(Kitashinchi Station ကနေ လမ်းလျှောက် ၁ မိနစ်)

🌟 ဒီအလုပ်ရဲ့ အဓိက အားသာချက်တွေကတော့ 🌟

🎉 ဆိုင်အသစ်မှာ Opening Staff အဖြစ် အလုပ်လုပ်ခွင့်! 👉 စီနီယာ၊ ဂျူနီယာ မခွဲခြားဘဲ လုပ်ဖော်ကိုင်ဖက်အားလုံးနဲ့ တန်းတူရည်တူ အလုပ်စလုပ်နိုင်မှာပါ။

😋 အရသာအလွန်ရှိတဲ့ နေ့လည်စာ (まかない) ကို ၁ ယန်းတည်းနဲ့ စားသုံးခွင့်! 👉 ဆိုင်ရဲ့ အကောင်းဆုံး Ramen တွေကို ၁ ယန်းတည်းနဲ့ စားခွင့်ရမှာဖြစ်လို့ နေ့လည်စာဖိုး အများကြီးသက်သာစေပါတယ်။

🗓️ Shift အရမ်း Flexible ဖြစ်တစ်ပတ် (၁) ရက်၊ နေ့လည်ပိုင်းသီးသန့် OK! 👉 ကလေးကျောင်းသွားချိန်၊ အိမ်အလုပ်တွေနဲ့ အချိန်ညှိပြီး ကိုယ်အဆင်ပြေတဲ့ နေ့လည်ပိုင်းအချိန်လေးကိုပဲ ရွေးပြီး အလုပ်လုပ်နိုင်

💸 လစာကြိုတင်ထုတ်ယူနိုင်တဲ့ စနစ် (前給制度) ရှိ👉 လကုန်ထိမစောင့်ဘဲ လိုအပ်တဲ့အခါ လစာတစ်စိတ်တစ်ပိုင်းကို ကြိုတင်ထုတ်ယူနိုင်ပါတယ်

ဒီအလုပ်ကို စိတ်ဝင်စားရင် အပေါ်က အလုပ်လျှောက်ရန် ကိုနှိပ်ပြီးလျှောက်ထားပေးစေချင်ပါတယ်။ လျှောက်ပြီးပြီးခြင်း confirmation mail ပို့ပါလိမ့်မယ်။ ပြီးတော့ 1 ရက်ကနေသုံးရက်အတွင်း အင်တာဗျူး ဖြေ ဖို့ ဖုန်းခေါ်ပါလိမ့်မယ်။

တစ်ခါတစ်လေ မှာ ဖုန်းမခေါ်ပဲ email ပို့ပြီး interview interview ဖြေရမယ့်နေရာ အချိန် နဲ့ ယူရမယ့် ပစ္စည်းတွေကို ပို့ပေးတာတွေရှိပါတယ်။

Policy changes

(1) email အရင် စစ်ကြည့်ပေးပါ အနည်းဆုံးတော့ ၁ ခု ပို့ပါတယ်

(2) ပထမ ဆုံးဖောင်တင်ပြီး email လည်း မလာ ဘူး ဖုန်းလည်းမဆက်ဘူး ဆိုရငိ တော့ အလုပ်လူမလိုတော့ တာ / လူရသွားတာ ဖြစ်နိုင်ပါတယ်

(3) စားသောက်ဆိုင် အလုပ်တွေ ဆိုရင် အချိန်ပြောင်းတာ ရေaာဂါအခြေနေကြောင့် ဆိုင်ပိတ်တာတွေ ရှိနိုင်ပါတယ်

(4) junk mail ထဲ ဝင်နေတတ်လို့လညိး သတိပြုပေးစေချင်ပါတယ်

(5) အနည်းဆုံး ၃/၄ ရက်အတွင်းမှဘာမ အကြောင်းမပြန်ရင် အဆင်မပြေလို့ပါ ခင်ဗျာ တစ်ခြားအလုပ်ပြောင်းလျှောက်ပေးပါ

(6)လူကြိုက်များသော / အလုပ်လျှောက်လွှာများသော အလုပ်များ သည် သတ်မှတ် လျှောက်လွှာအရေ အတွက်ပြည့်ပါက ဆက်လက်ပြီး reply မပြန်တတ်သဖြင့် အကြောင်းပြန်မလာပါက တခြားအလုပ်များကိုပြောင်းလျှောက်ပေးပါရန်

Baito Box

外国人歓迎!日本での仕事探しをサポートします 日本で働くことを希望する外国人の方へ。当サイトでは、外国人を積極的に採用している企業の求人をご紹介しています。 すべての掲載情報は定期的に更新されるため、常に最新の仕事情報を見つけることができます。あなたのスキルや希望に合った仕事探しを、私たちがお手伝いします。

0コメント

  • 1000 / 1000